Friday, October 31, 2014

★Root Checker and Unroot Pro-V.1.5.apk★

မင်္ဂလာပါ.....

ဒီ app ​လေးက​တော့ မိမိရဲ့ဖုန်းမှာ root ရှိ၊မရှိစစ်​​ဆေး​ပေမယ့်​အပြင်
ဖုန်းကို အ​ကြောင်းအမျိုးမျိုး​ကြောင့်​ root ထားပီး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ဘဲ
Root မလိုချင်​​တော့လို့ ဖြုတ်​ထုတ်​ချင်​သူများ အတွက်​လည်း အသုံးဝင်​ပါတယ်​...
 Play Store မှာ ပိုက်​ဆံ​ပေးဝယ်​ယူရတဲ့ app ​လေးလည်းဖြစ်​ပါတယ်​....

အသုံးလိုရင်​ ​အောက်​ကလင့်​ခ်​​တွေမှာ ​ဒေါင်းယူသွားနိုင်​ပါပြီးဗျား......

>>> Drive Link 

>>> Copy Link 

>>> Dropbox Link 

အဆင်​​ပြေပါ​စေဗျား.....။

သထုံသား​လေး

Wednesday, October 29, 2014

Smart Booster Pro V.3.97.apk

မင်္ဂလာပါ.....

အခုမျှ​ဝေ​ပေလိုက်​တဲ့ app ​လေးက​တော့ ဖုန်းတလုံးကို
လျှင်​မြန်​သွက်​လက်​​ပေါ့ပါ​စေမယ့်​ Smart Booster Pro.V.3.97.apk
လေးဘဲဖြစ်​ပါတယ်​.....
Play Store မှာပိုက်​ပိုက်​​ပေး ဝယ်​ယူရတဲ့ app ​လေးပါ

အောက်​ကလင့်​ခ်​မှာ ​ဒေါင်းယူနိုင်​ပါပြီဗျား...

>>> Box Link 

>>> Pcloud Link 

အဆင်​​ပြေပါ​စေဗျား.....။

အသံတွေကြည်လင်စွာမှတ်ထားပေးမဲ့ Easy Voice Recorder_V.1.7.9.apk

မင်္ဂလာပါ......

အသံတွေကြည်လင်စွာမှတ်ထားပေးမဲ့ Easy Voice Recorder Pro v1.7.9 Apk  လေးကRecorder
 ကောင်းလေးတစ်ခုပါ။Play Store မှာတော့ ပိုက်ဆံပေးဝယ်ယူရတဲ့
Application လေးပါ...
ဗားရှင်းအသစ်လေးထွက်လာလို့တင်ပေးလိုက်ပါတယ်....
Easy Voice Recorder Pro v1.7.9 Apk |
2.3 MB |
Requires Android:2.2 and up |

>>> Box Link 

>>> Drop Box Link 

>>> Pcloud Link 

အဆင်ပြေပါစေဗျား.....။

Tuesday, October 28, 2014

✏ ကျနော် သိသော Android အကြောင်း What is Android?( Android ဆိုတာ ဘာလဲ) ✏

Android လို့ ပြောလိုက်တာနဲ့ ကျနော်တို့ တတွေမျက်လုံးထဲမှာ အစိမ်းရောင် စက်ရုပ်ကလေးကတာ့ မြင်ယောင် နေမယ်ထင်တယ်။ မြန်မာ mobile ဖုန်းအသုံးပြုသူအများစုကတော့ Android ဆိုတဲ့နာမည်ကို တီးမြည့်ခေါက်မည့်ရှိပြီးသားဖြစ်မှာပါ။ အခုမှ ဘာလို့  ထရေးရလည်းဆိုတော့ မသိသေးတဲ့သူတွေလဲ သိရအောင် ကျနော်သိထားတဲ့ Android အကြောင်းလေး အနည်းငယ်ကို ဝေမျှတဲ့သဘောလောက်ပါပဲ။

တကယ်တော့ Android ဆိုတာ Linux Kernel ကိုအခြေခံရေးသားထားတဲ့ Operating System တခုဖြစ်ပါတယ်။ mobile ကိရိယာများ ဖုန်းများနဲ့  tablet computer တွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားသော အသုံးပြူရလွယ်ကူတဲ့ Open source platform တခုဖြစ်ပါတယ်။ Android ကုမ္မဏီကို ၂၀၀၃ အောက်တိုဘာလောက်က Andy Rubin ၊ Rich Miner ၊ Chris White ၊ Nick Sears တို့ တတွေ က US California မှာ တည်ထောင်ခဲ့ ကြပါတယ်။ mobile phone တွေအတွက် သူတို့ တွေကြိုးပန်းနေရင်း Rubin တစ်ယောက် ငွေကြေး အဆင်မပြေမှုတွေ စတင်လာခဲ့ပါတော့တယ်။၂၀၀၅ လောက်မှာတော့ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ နာမည်ကြီး Google က Android Inc. ကို ၀ယ်ယူလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အားလုံးက တော့ Google ကတော့ Mobile လောကထဲ ၀င်လာတော့မယ်လို့ သုံးသပ်ထင်မြင် နေကြတာပေါ့။ Google ဖုန်းထွက်ပေါ် လာလိမ့်မယ် ဆိုပြီး ထင်မြင်ချက်တွေ ပေးပြီး မျှော်လင့်နေပေမယ့် Google ဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်နေခဲ့ပါတယ်။ အချိန် အတော်ကြာ Google က ဘာထူးခြားမှုမှ မလုပ်ခဲ့ပါဘူး။

ဒါပေမယ့် ၂၀၀၇ ခုနှစ်လောက်မှာ Google က OHA (Open Handset Alliance ) အဖွဲ့ ကိုစတင် ဖွဲ့ စည်းတည်ထောင်တယ်ဆိုတာ ကြေငြာ လိုက်ပါတယ်။ တဆက်တည်း Android ကို Open Source လွတ်လပ်သော မည်သူမဆို ရယူသုံးစွဲနိုင်သော အရင်းမြစ် (ပွင့်လင်း ရင်းမြစ်) အဖြစ် တရားဝင်ကြေငြာလိုက်တဲ့အချိန်မှာ အားလုံး မျက်သေသေကုန်ကြရလောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ OHA အဖွဲ အကြောင်းအနည်းငယ် ဝေမျှရှင်းလင်းလိုပါတယ်။

What is Open Handset Alliance (OHA)?

Open Handset Alliance အဖွဲ့ ကြီးဟာ mobile ကိရိယာများအတွက် open standard တွေကို အကောင်ထည်ဖော်ဖို့  mobile ကိရိယာတွေထုတ်လုပ်တဲ့သူတွေ နောက် mobile နက်ဝက်ကွန်ယက် ၀န်ဆောင်မှုရောင်းချမှုလုပ်တဲ့သူတွေ နဲ့ mobile နှင့် သက်ဆိုင်တဲ့ အခြားသက်ဆိုင်တဲ့အဖွဲ့ စည်းတွေ ပူးပေါင်းတည်ထောင်ထားသော Non -Profit အဖွဲ့ ကြီး တဖွဲ့ ဖြစ်ပါတယ်။ OHA က mobile users တွေကို ပိုမိုကောင်းမွန်တဲ့ Features တွေ ပေးနိုင်ဖို့  တီထွင်ဆန်းသစ်မှုတွေ ပိုပြီး တိုးတက် ပွင့်လင်းလာဖို့ ဈေးသက်သာတဲ့ mobile ဆက်သွယ်ရေးရရှိဖို့  ရည်ရွယ် ဦးတည်ပါတယ်။ Android ဟာ Google ကပဲ ပိုင်ဆိုင်တဲ့ အနေအထားတင် မဟုတ်တော့ဘဲ OHA က ပိုင်ဆိုင်တဲ့အခြေအနေဖြစ်သွားတဲ့သဘောပေါ့။ OHA အဖွဲ့ ကြီးမှာ Google, Sony , HTC, Samsung, LG, T-Mobile , Nividia, Dell စတဲ့ ကုမ္ဗဏီကြီးတွေပါဝင်ပါတယ်။

ဒီနေရာမှာ အရင်တုန်းကလို ကုမ္ဗဏီကြီးတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရပ်တည်ချင်းမရှိတော့ပဲနယ်ပယ်စုံမှာ ပါဝင်လှုပ်ရှားလာတာကိုသတိပြုရမှာပါ။ အရင်ကလို Google ဟာလည်း Search Engine နယ်ပယ်တင်မကတော့ပဲ mobile phone နယ်ပယ် လူမှုဆက်သွယ်ရေး နယ်ပယ်တွေအထိဝင်ရောက်လုပ်ကိုင်လာတာကို သတိပြုမိကြမှာပါ။

Google က၂၀၀၇ ခုနှစ်မှာ OHA ကိုတည်ထောင်ကြောင်းနှင့် Android ကို Open Source ဖြစ်ကြောင်းကြေငြာပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ Android SDK (Software Development Kit) version 1.0 ကို စတင်ဖြန့် ချီလိုက်ပါတယ်။ သိပ်တောင် မကြာလိုက်ပါဘူး T-Moblie ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ဗဏီက US မှာ HTC ကထုတ်တဲ့ G1 mobile ဖုန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။

၂၀၀၉ -၂၀၁၀ လောက်မှာတော့ Android အသုံးပြုတဲ့ ဖုန်းတွေ Tablet computer တွေ device တွေဟာ မှိုလိုပေါက်အောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ Android ဟာ Open Source ဖြစ်တာကြောင့် အချို့ သောထုတ်လုပ်သူတွေဟာ မိမိတို့ လိုအပ်ချက်အလိုက်ပြင်ဆင်ထုတ်လုပ်ထားတဲ့ မူကွဲတဲ့ Version အသစ်တွေ (Donut , Eclair , Cupcake ) ဟာလဲ အတော်များများထွက်ပေါ်လာတယ်။ ခုဆို Smart phone လောကထဲမှာ ထိပ်တန်းကို တိုးထွက်လာခဲ့ပြီး ခေါင်းဆောင်ဖို့ တောင် ဖြစ်နေပြီပဲ။ နေ့ စဉ် Android User တွေဟာလဲ တိုးပွားလျှက်ရှိပါတယ်။

Android ဟာ developer တွေအတွက်တော့တကယ့်ကို ပြည့်စုံကောင်မွန်တဲ့ နတ်ဘုရားသခင်တပါးလိုပါပဲ။ လူသားတွေအတွက် အကြိုးပြုစက်ရုပ်လေး ပေါ့ဗျာ။ကျနော်တို့ တွေ Android Touch Screen ဖုန်းတွေကို ဈေးသက်သက် သာသာ အရည်သွေးကောင်းကောင်းမွန်နဲ့  သုံးနိုင်တာဟာ Open Souce ဖြစ်တာကလဲ တကယ့်ကို အရေးကြီးတဲ့ အပိုင်း တခုပါ။ ပိုပြီးကောင်းမွန်အောင် ဖန်တီးပြုပြင်၇င်း ပိုပြီးကောင်းမွန်လာခဲ့တာပါပဲဖြစ်ပါတယ်။ ဒီထက်လဲ ပိုကောင်းလာကြအုန်းမှာပါ လူသားတို့ ရဲ တီထွင်ဖန်တီးနိုင်မှုကို ဘောင်တွေဖယ်ရှားပေးလိုက်တာ လူသားတွေအတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်စေတာ အားလုံးသတိပြုမိမှာပါ။ ဒါဟာ Open Source ဖြစ်တာကြောင့်ပဲမဟုတ်ပါလော။ Android ဟာ ဘယ်သူမဆို ရယူသုံးစွဲနိုင် တာ ပြုပြင်နိုင်တာတာ လွတ်လပ်စွာ ဆင့်ပွားအသုံးပြုနိုင်တဲ့ မူပိုင်ခွင့် အမျိုးစားထဲကပါ။ ဒီလို Open Source လုပ်တဲ့နေရမှာ တကယ့် Meaching Level မှာအလုပ်လုပ်တဲ့ Low Level Linux module တွေအထိ နောက် Android သုံး ကိရိယာ ဘယ်ကိရိယာပေါ်မှာမဆို အလုပ်လုပ်တဲ့ code အစုအဝေး code library ဖြစ်တဲ့ Native Library တွေ Application Framework တွေ အိုး နောက်ဆုံးအဆင့် complete application တွေထိအောင် မည်သူမဆို မည်သည့် developer မဆို ရယူသုံးဆွဲ နိုင်တဲ့ Open Source ပဲဖြစ်ပါတယ်။ တချို့ သိပ်ပြီး ၀ါသနာကြီးလွန်းတဲ့ developers တွေဆို application lelvel ကနေ Kernel အထိဆင်းကုန်ကြတော့တာပါပဲ။ ဒီလိုတွေကြောင့် developer တစ်ယောက်ဘက်ကကြည့်မယ်ဆိုရင် platform တခုလုံးရဲ့  source ကိုသိရှိနိုင်မှတော့ Operating System တခုလုံးဘယ်လိုတည်ဆောက်ထားလဲဆိုတာ လုံးဝအသေးစိတ်နားလည်နိုင်ပါတယ်။ ဒီတော့ သူ့ အတွက် ရေးသား develop လုပ်မယ့် applications တွေဟာ OS ပေါ်မှာ ကောင်းမွန်စွာအလုပ်လုပ်ပြီး စွမ်းရည်မြင့်တဲ့ application တခုအဖြစ်ရရှိနေနို်င်မှာပဲလေ။ Handset တွေ Devices တွေထုတ်လုပ်တဲ့သူဘက်ကြည့်မယ်ဆိုရင်လဲ ကိုယ်ထုတ်လုပ်မယ့် Hadware devices တွေနဲ့ ကိုက်ညီမယ့်၊ customer ၇ဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင် Android OS တခုလိုမျိုးဖြစ်အောင် ပြင်ဆင်ထုတ်လုပ် ထည့်သွင်းနိုင်နေပါတယ်။

Android ရဲ့ တကယ့်ရည်ရွယ်ချက်တွေကလဲ mobile user တွေဈေးသက်သာဖို့ နောက် developer တွေ ထုပ်လုပ်သူတွေ အဆင်ပြေပြေထုတ်လုပ်နို်ဖို့ ရည်ရွယ်ခဲ့တာပဲလေ။ ဒီလို Mobile လောကအတွက် mobile devices တွေအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သလို mobile devlce တွေရဲ့ အားနည်ချက်တွေဖြစ်တဲ့ battery life ၊ နောက် RAM speed , processign speed တွေကိုပါထည့်သွင်းစဉ်းစားပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ mobile ကိရိယာအများစုဟာ battery ရဲ့ ပါဝါနဲ့  အလုပ်လုပ်ကြတာ အားလုံး သတိထားမိမယ်ထင်ပါတယ်။ ဘထ္ထရီသက်တန်းကို လည်း အရမ်းကြီး ကောင်းမွန် အောင် မလုပ်နိုင်သေးတဲ့အခြေအနေမျိုးမှာ ဘယ်လိုလုပ်ချင်းအားဖြင့် battery ကိုသက်သာစေနိုင်မလဲ နောက် Mobile ဆိုတဲ့အတိုင်း သယ်ရပြုရလွယ်ကူစေဖို့ တဲ့ ရည်ရွယ်ချက်ကရှိနေပြန်တော့ size ကိုလဲ သေးနိုင်သမျှသေးအောင် လုပ်ရပြန်တယ် ဒီတော့ မှတ်ဥာဏ် Memory ပိုင်းမှာလဲ အကန့် အသတ် တွေ ကရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးတွေကိုပါထည့်သွင်းစဉ်းစားထားတဲ့ Android OS ဟာ device ရဲ့  size အလိုက် screen size ၊ resolution ရုပ်ထွက်ပြင်းအား နောက် အတွင်းပိုင်း ပါဝါပိုင်းဆိုင်၇ာလုပ်ဆောင်မှု တွေကို ကိုလိုသလိုလိုက်လျှောညီထွေမှုရှိအောင် ပြုပြင်ရေးသားနိုင်တဲ့ Bionic ကိုထည့်သွင်းထားပါတယ်။ Bionic အကြောင်းကို နောက်ပိုင်း ရေးသားမယ် အပိုင်းများမှာရှင်းလင်းတင်ပြပေးပါ့မယ်။

နောက်ပြီး ကျနော်တို့ အနေနဲ့  စိတ်ပါဝင်စားလာလို့ စမ်းသပ် မယ်ဆိုရင် တောင် Application developer တစ်ယောက်အဖို့ Application တခုကို လွယ်ကူလျှင်မြန်စွာရေးသားနိုင်ဖို့  tools တွေ Framework တွေအားလုံးရရှိပါဝင်နေပါတယ်။နောက်ဆုံးဗျာ စတင်စမ်းသပ်ရေးသား ဖန်တီးဖို့  Android Device တောင် ၀ယ်နေစရာမလိုပဲ Android Software Developement Kit (SDK) ရှိလျှင်ကိုဖြစ်နေပါပြီ။ ဒီတော့ကိုေ၇းသားမယ့်စက်ပေါ်မှာတင်စမ်းသက်နိုင်တာပေါ့ဗျာ။ ကျနော်ရေးတာလဲနဲနဲ ရှည်သွားပါပြီ ။ လိုအပ်တာများရှိရင်လဲ ထောက်ပြသွားကြပါအုံး။ နောက်တပတ်မှပဲ ဆက်ရေးတော့မယ်ဗျာ။

Credit >>> Tayzar Kyaw

✏ FingerSecurity v2.1.7 for Android ✏

မင်္ဂလာပါ.....

FingerPrint ပါတဲ့ Samsung ဖုန်းတွေ (ဥပမာ- Samsung Galaxy S5,Samsung Galaxy Note 4, Samsumg Galaxy Alpha စသည့်) မှာ ဒီဆော့ဝဲလေးကိုအသုံးပြုပြီး ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတွေကို လက်ဗွေစနစ်နဲ့ Lock ချထားလို့ရပါတယ်။ ပုံမှန် App Protector ဆော့ဝဲတွေနဲ့ဆိုရင်  Password ပဲပေးလို့ရပါတယ်။ အခုတော့ လက်ဗွေစနစ်နဲ့ App တစ်ခုချင်းစီကို Lock ချနိုင်လို့တော်တော်လေးကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်။ FingerSecurity v2.1.7 for Android ကိုအောက်က link မှာရယူပါ။

>>> Download Link 

အဆင်​​ပြေပါ​စေဗျား.......