Sunday, December 7, 2014

Android Devices ​တွေကို လျှင်​မြန်​စွာအသုံးပြုနိုင်​​စေမယ့်​ အချက်​(၁၀)ချက်

မင်္ဂလာပါ
လက်​ရှိအချိန်​မှာ​တော့ Android Device ​တွေဟာဆိုရင်​ အ​ရေအတွက်​အားဖြင့်​ အလွန်​ကို မြင့်​တက်​လာတဲ့အ​နေအထားမှာရှိ​နေပါတယ်​။တန်​ဖိုးအားဖြင့်​လည်းသင့်​တင့်​လာပြီးရွေးချယ်​စရာ Brand အမျိုးအစားများပြားလာခြင်း​ဟာလည်း Android ရဲ့ အားသာချက်​ပဲဖြစ်​ပါတယ်​။ Android Device အသုံးပြုသူ​များအ​နေနဲ့ မိမိအသုံးပြုထားတဲ့ Android Version နဲ့မကိုက်​ညီတဲ့အခါမှာဖြစ်​​စေ၊ Hardware ရဲ့အားနည်းချက်​​ကြောင့်​ Application ​တွေကို အသုံးပြုရာမှာ ​လေးလံမှု​တွေရှိလာနိုင်​ပါတယ်​။ ဒီလို​လေးလံ​နှေး​ကွေးမှု​တွေအတွက်​​တော့မဟုတ်​​ပေမယ့်​ မိမိရဲ့ Android Device မြန်​မြန်​ဆန်​ဆန်​​လေး​​အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​ပါ အချက်​​ ဆယ်​ချက်​ကို​လုပ်​​ဆောင်​ကြည့်​ခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို မြန်​မြန်​ဆန်​ဆန်​လုပ်​​ဆောင်​နိုင်​မှာဖြစ်​ပါတယ်​။
1. Hardware နှင့်​ Version မမျှတခြင်းမဖြစ်​​စေရန်​ စစ်​​ဆေးပါ။Android ရဲ့ ICS Version ကိုအသုံးပြုချင်​​ပေမယ့်​ မိမိရဲ့ Hardware အ​ကြောင်းကိုနားလည်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Hardware နဲ့ကိုက်​ညီမှုမရှိဘူးဆိုရင်​ Version Upgrade ပြုလုပ်​ခြင်းကို ​ရှောင်​ကြဉ်​ရမှာဖြစ်​ပါတယ်​။ Hardware ကိုက်​ညီမှုရှိမရှိသိချင်​တယ်​ဆိုရင်​​တော့ Android Forum ​တွေမှာဝင်​​ရောက်​​ဆွေး​နွေးနိုင်​မှာဖြစ်​သလို၊ နားလည်​တတ်​ကျွမ်းသူများနဲ့လည်းတိုင်​ပင်​နိုင်​မှာဖြစ်​ပါတယ်​။
2.Launcher ကို စနစ်​တကျအသုံးပြုပါ။တချို့​သော Android Device ​တွေမှာဆိုရင်​ Launcher တစ်​ခုထက်​မကအသုံးပြုတာကို​တွေ့ရပြီး၊ တစ်​ချို့​သော Launcher များဟာလည်းလုပ်​ဆောင်​မှုကို ပိုမို​လေးလံ​စေပါတယ်​။ တစ်​ခါတစ်​ရံမှာဆိုရင်​ Launcher Error ဖြစ်​​ပေါ်တတ်​ပြီး အဆိုပါ Error အရ Reset ပြုလုပ်​ရခြင်းမျိုး​တွေ ကြုံ​တွေ့ရတတ်​ပါတယ်​။ဒါ​ကြောင့်​မို့ မိမိနဲ့ သင့်​​တော်​နိုင်​မယ့်​ Launcher အမျိုးအစားတစ်​ခုထဲကိုသာ သတ်​မှတ်​အသုံးပြုသင့်​ပါတယ်​။
3.Home Screen ကို စနစ်​တကျပြင်​ဆင်​ထားပါ။Android Device တစ်​ခုမှာ အရင်​ဆုံးထိ​တွေ့ရတာ Home Screen ပဲဖြစ်​ပါတယ်​။ လုပ်​​ဆောင်​ချက်​​တွေကိုလည်း Home Screen ​ပေါ်မှာ ပြင်​ဆင်​ထားနိုင်​ပြီး၊ အလွန်​များပြားတဲ့ ထည့်​သွင်းမှုမျိုးက​တော့ လုပ်​​ဆောင်​ချက်​တိုင်းရဲ့ အချိန်​ကိုပိုမိုကုန်​​စေနိုင်​မှာဖြစ်​ပါတယ်​။
Wi-fi,Bluetooth,GPS,Lights တို့ပါဝင်​တဲ့ Widgets လိုမျိုးထည့်​သွင်းထားမယ်​ဆိုရင်​​တော့ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​​စေမှာဖြစ်​ပါတယ်​။
4. Favourite App များကို Home Screen တွင်​ထားပါ။
အထက်​မှာဆိုခဲ့သလိုပဲ Home Screen ​ဟာဆိုရင်​ Android Device တစ်​ခုရဲ့ပင်​မလုပ်​​ဆောင်​မှု​နေရာတစ်​ခုဖြစ်​ပါတယ်​။ မိမိရဲ့အသုံးပြုမှုများတဲ့ Favourite App ​တွေကို Home Screen ​ပေါ်မှာထားရှိခြင်းအားဖြင့်​ လုပ်​​ဆောင်​ချက်​​တွေကို ပိုမိုမြန်​ဆန်​လာ​စေနိုင်​မှာဖြစ်​ပါတယ်​။ App ​တွေကို Page တစ်​ခုအတွင်းမှာ စုစည်းထားရှိပြီး အသုံးပြုမယ်​ဆိုရင်​ ပိုမိုအဆင်​​ပြေ​စေနိုင်​မှာဖြစ်​ပါတယ်​။
5.Animation လုပ်​​ဆောင်​ချက်​ကိုပိတ်​ထားပါ။Animation လုပ်​​ဆောင်​ချက်​ကို Display Setting မှတစ်​ဆင့်​ပိတ်​ထားမယ်​ဆိုရင်​ ပိုမိုမြန်​ဆန်​တဲ့ Android Device တစ်​ခုကိုအသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ Animation ​တွေဟာ System ပိုင်းလုပ်​​ဆောင်​​ချက်​​တွေကို ထိခိုက်​မှုရှိလာနိုင်​တဲ့အတွက်​ ပိတ်​ထားဖို့လိုအပ်​မှာဖြစ်​ပါတယ်​။ Animation ကိုပိတ်​မယ်​ဆိုရင်​​တော့ Setting>Display>Animation ထဲက No Animation ကို​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။
6.Browser မှ Plugin ​တွေကိုပိတ်​ထားပါ။Android Device တစ်​ခုဟာဆိုရင်​လက်​ရှိအချိန်​မှာ​တော့ အင်​တာနက်​အသုံးပြုနိုင်​ဖို့ အားထားရာတစ်​ခုဖြစ်​လာပြီဖြစ်​ပါတယ်​။ Web browser ​တွေရဲ့ Plugins ​တွေဟာဆိုရင်​လုပ်​​ဆောင်​ချက်​ပိုင်းကို ထိခိုက်​နိုင်​တဲ့အတွက်​​ကြောင့်​ အသုံးမလိုချိန်​မှာ ပိတ်​ထားသင့်​ပါတယ်​။ Browser Plug-ins ​တွေကိုပိတ်​ထားချင်​တယ်​ဆိုရင်​​တော့ Browser>Setting>Enable Plug-ins ထဲက Off ကို ​ရွေးချယ်​​ပေးရမှာဖြစ်​ပါတယ်​။
7.သာမန်​ Wall paper များကိုသာ ဦးစား​ပေးအသုံးပြုပါAndroid Device ​တွေရဲ့ စွမ်း​ဆောင်​ရည်​​တွေဟာ တစ်​လုံးနဲ့တစ်​လုံး မတူညီကြ​ပေမယ့်​ သာမန်​ Wall Paper ကို အဓိကထားအသုံးပြုခြင်းဟာ စက်​အတွက်​များစွာသက်​သာ​စေနိုင်​မှာဖြစ်​ပါတယ်​။ Live Wall Paper ​တွေဟာဆိုရင်​ လုပ်​​ဆောင်​ချက်​​တွေကို​နှေး​ကွေး​စေနိုင်​မှာဖြစ်​လို့ အသုံးပြုရာမှာ အခက်​အခဲဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင့်​ သာမန်​ Wall Paper ​တွေကိုသာအသုံးပြုသင့်​ပါတယ်​။
8.အသုံးမပြု​သော App များကို ဖျက်​ပစ်​ပါAndroid Device တစ်​ခုအတွင်းမှာ အသုံးမပြု​တော့တဲ့ App ​တွေကို ဖျက်​ပစ်​သင့်​ပါတယ်​။မလိုလားအပ်​တဲ့ Space​ ​တွေ ကုန်​ဆုံး​စေနိုင်​မှာဖြစ်​သလို၊ Background Process အ​နေနဲ့ Run ​နေမယ်​ဆိုရင်​ လုပ်​​ဆောင်​ချက်​ပိုင်းကို များစွာထိခိုက်​​စေနိုင်​မှာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ အသုံးမပြု​တော့တဲ့ App ​တွေကိုဖျက်​ပစ်​ရမှာဖြစ်​ပါတယ်​။
9.App End အတွက်​ Task Killer အသုံးပြုပါTask Killer ဟာဆိုရင်​ Android ​ပေါ်မှာ Background Process ​တွေကိုပိတ်​ချင်​တဲ့အခါမျိုးမှာ အသုံးပြုနိုင်​မှာဖြစ်​ပါတယ်​။ မလိုလားအပ်​တဲ့ App ​တွေ​ကြောင့်​ စက်​​လေးလံမှုကိုဖြစ်​​စေနိုင်​ပြီး၊ Task Killer လိုမျိုး App ​တွေဟာ Android Device ​တွေကို အမြန်​ဆန်​ဆုံးအ​နေအထားနဲ့ အသုံးပြုနိုင်​​အောင်​ ကူညီ​ပေးမှာဖြစ်​ပါတယ်​။
10.Wi-fi, Bluetooth တို့ကို အသုံးပြုချိန်​တွင်​သာ ဖွင့်​ထားပါWi-fi, Bluetooth တို့ကိုအသုံးမပြုချိန်​မှာ ပိတ်​ထားမယ်​ဆိုရင်​ Battery Life Time ပိုမိုကြာမြင့်​​စေနိုင်​မှာဖြစ်​သလို၊ အခြား​သော လုပ်​​ဆောင်​ချက်​ပိုင်းဆိုင်​ရာကို အ​နှောင့်​အယှက်​​ပေးနိုင်​မှာ မဟုတ်​​တော့ပါဘူး။ ဒါ​ကြောင့်​ Home Screen ​ပေါ်မှာ Widget တစ်​ခုဖန်​တီးထားပြီး အလွယ်​တကူ အဖွင့်​အပိတ်​ပြုလုပ်​နိုင်​ဖို့ ဖန်​တီး​ပေးထားသင့်​ပါတယ်​။

Saturday, December 6, 2014

Samsung Firmware တင်နည်း

မင်္ဂလာပါ

Samsung ဖုန်းတွေ ကို  ( Odin>> ကနေ  Firmware တင်နည်း ကို မသိသေးတဲ့ ဘော်ဒါတွေ အတွက် ပြန်လည် မျှဝေပါတယ်.....အရင်ဆုံး မိမိ ဖုန်း  ( Model...ပြီးရင်.. ကိုတင်မည့်  ( version) အလိုက် သက်ဆိုင်ရာ ...နည်းပညာ ညီအစ်ကိုတွေ ဆိုဒ်ကနေ ဒေါင်းပါ

..1.ပြီးရင် မိမိဒေါင်းယူရရှိလာတဲ့ Official Firmware Zip file (or) Winrar ဖိုင်ကို Extract လုပ်ထားပါ။

2.ဖုန်းကိုပိတ်လိုက်ပါ။ ပြီးရင် Volume down+Home Button+Power Key သုံးခုကို တွဲနှိပ်ပြီး Download Mode ထဲကို ၀င်ပါ။ အောက်ကပုံအတိုင်း သင့်ရဲ့ဖုန်းမှာ Warning Message ပေါ်လာပါလိမ့်မယ်။

3.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။

4. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)

5.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmware ဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။

6.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။

7.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logo မှာရပ်နေရင် ဖုန်းရဲ့Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။

                                                    

   

8. ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Keyသုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ ပေါ်လာပြီဆိုရင် Volume ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Resetတကြိမ်ချပြီးပြီဆိုရင်တော့ ပြန်ပေါ်လာရင် Reboot system now ကိုရွေးချယ်ပြီး ဖုန်းကိုRestart ချလိုက်ပါ...ဖုန်းပြန် ပွင့်အလာစောင့်လိုက်ပါ...ပြန်တက်လာပြီဆိုရင်  ( Samsung Firmware ) ကို ( Odin3) 
ကနေ  တင်နည်း ပြီးဆုံးပါပြီ...။
                                                       

credit - Happy Eain Mat    

Dropbox V.2.4.6.8_Clone.apk

မင်္ဂလာပါ
Dropbox အသုံးပြုတဲ့ ​ဘော်​​ဘော်​များအတွက်
ကျ​နော်​တို့သာမန်​အသုံးပြုတဲ့ dropbox မှာ 2Gb သာ
သို​လှောင်​နိုင်​ပါတယ်​...အဲ... ပြန်​ပြီ​တော့ ဘာညာကွိကွရင်​​တော့
50Gb ရရှိမှာဖြစ်​ပါတယ်​ အဲသလိုလုပ်​ဖို့ အဆင်​​မ​ပြေသူများအတွက်
ဒီ dropbox clone ​လေးက​တော့ အသုံးဝင်​လိမ့်​မယ်​လို့ကျ​နော်
ထင်​မိပါတယ်​... error ကင်းကင်းနဲ့ အသုံးပြုနိုင်​ပါတယ်​ခင်​ဗျား....
အောက်​ကလင့်​ခ်​မှာ ​ဒေါင်းယူသွားနိုင်​ပါပြီးဗျား
အဆင်​​ပြေကြပါ​စေဗျား.......

Thursday, December 4, 2014

★The Hero Of Three Kingdoms.apk★

မင်္ဂလာပါ....

ဂိမ်းဝါသနာပါတဲ့ ​ဘော်​​ဘော်​များအတွက်​ 3D effect The Hero Of Three Kingdoms တရုတ်​စစ်​ဂိမ်း​လေးတင်​​ပေးလိုက်​ပါတယ်​ဗျား....

Filesize_154.97Mb

Android Version_2.2 & Up

လင့်​ခ်​ကို ဒါရိုက်​လင့်​ခ်​က​နေ ပြန်​ချ​ပေးထားပါတယ်​ခင်​ဗျား......

>>> The Hero Of Three Kingdoms.apk 

အဆင်​​ပြေပါ​စေဗျား.....

ကွန်​ပျူတာ​ကြောင့်​ အမြင်​အာရုံမထိခိုက်​ရ​အောင်........

အရင်​တုန်းက​တော့ ကွန်​ပျူတာဖြင့်​ အလုပ်​လုပ်​ရတဲ့ စာစီစာရိုက်​၊ Graphic Designer ၊Programmer စသည်​တို့သာ တစ်​​နေကုန်​ ကွန်​ပျူတာကြည့်​ရ​လေ့ရှိပါတယ်​။ ယ​နေ့ အိုင်​တီ​ခေတ်​မှာ​တော့ ကွန်​ပျူတာဟာ လုပ်​ငန်း​ဆောင်​တာများကို လွယ်​ကူမြန်​ဆန်​စွာ ပြီး​မြောက်​​စေတာမို့ လုပ်​ငန်းခွင်​တိုင်းမှာလိုလို အသုံးပြုလာကြပါတယ်​။ ၀န်​ထမ်းကိုယ်​စီ ကွန်​ပျူတာတစ်​လုံးစီဖြင့်​ ဖြစ်​လာပြီး အလုပ်​ရှိလည်း လုပ်​၊ အလုပ်​မရှိလည်း အင်​တာနက်​မှာ ဟိုကြည့်​ဒီကြည့်​နဲ့ တစ်​​နေ့တာလုံး ကွန်​ပျူတာကို ကြည့်​ရှုတဲ့အဖြစ်​ကို ​ရောက်​​နေကြပါတယ်​။ ငယ်​ရွယ်​စဉ်​အခါတုန်းက​တော့ ဘယ်​​လောက်​ပဲ မျက်​စိကို အာရုံစိုက်​ပြီးကြည့်​ခိုင်းပါ​စေ ခံစားရတဲ့​ဝေဒနာ​တွေဟာ မသိမသာ​ပေမယ့်​ အသက်​ကြီးလာတာနဲ့အမျှ ကွန်​ပျူတာကို ကြည့်​​လေ​လေ၊ မျက်​စိ​ညောင်း၊ မျက်​မှန်​ပါဝါ​တွေကတက်​၊ ဇက်​​ကြောတက်​ခြင်း၊ ​ညောင်းညာကိုက်​ခဲတဲ့ ​ဝေဒနာကိုခံစားရပါ​တော့တယ်​။ အိုင်​တီ​ခေတ်​မှာ ကွန်​ပျူတာနဲ့မကင်းနိုင်​တဲ့လူသား​တွေအဖို့ ကွန်​ပျူတာ​ကြောင့်​ အမြင်​အာရုံထိခိုက်​နိုင်​တယ်​ဆိုတာကို သိထားရပါမယ်​။ ဒါ့အပြင်​ အမြင်​အာရုံမထိခိုက်​​အောင်​ ဘယ်​လိုကြိုတင်​ကာကွယ်​သင့့်သလဲဆိုတာကိုသိရှိထားပြီး ပြုလုပ်​ကြည့်​ဖို့ ​အောက်​ပါအချက်​များကို​ဖော်​ပြလိုက်​ရပါတယ်​။

တစ်​​နေကုန်​ ကွန်​ပျူတာကို စူးစိုက်​ကြည့်​နေရတာဟာ သင့်​ရဲ့ မျက်​လုံး​တွေအတွက်​ ဆိုးဝါးလှပါတယ်​။ဘေးပတ်​၀န်းကျင်​က အလင်း​ရောင်​နဲ့ အဲဒီအ​ရောင်​​တောက်​​တောက်​ကွန်​ပျူတာ မျက်​နှာပြင်​ဟာ မျက်​စိကို ​ညောင်းညာ​စေပြီး ကျိန်းစပ်​​စေပါတယ်​။

၂၀-၂၀-၂၀ စည်းမျဉ်းကိုလိုက်​နာပြီး ခဏခဏမျက်​​တောင်​ခတ်​​ပေးခြင်းက သင်​အရင်​ဆုံးပြုလုပ်​ရမယ့်​အရာဖြစ်​ပါတယ်​။ ၂၀-၂၀-၂၀ စည်းမျဉ်းဆိုတာက​တော့ ကွန်​ပျူတာကို မိနစ်​ ၂၀ ကြာကြည့်​ပြီးတိုင်း သင့်​ရဲ့ ၂၀ ​ပေ အကွာအ​ဝေးက ​နေရာတစ်​​နေရာကို စက္ကန့်​ ၂၀ ကြာကြည့်​​ပေးခြင်းဖြစ်​ပါတယ်​။ ဒါ့အပြင်​ ​မော်နီတာနဲ့ ကွန်​ပျူတာ Setting ကို အ​ပြောင်းအလဲအချို့ ပြုလုပ်​​ပေးနိုင်​တယ်​။

#ကွန်​ပျူတာ​မော်​နီတာအ​နေအထား

ကွန်​ပျူတာရဲ့ မျက်​နှာပြင်​ဟာသင်​နဲ့ လက်​မ ၂၀၊ ၃၀ အကွာမှာ ရှိသင့်​တယ်​။ သင့်​မျက်​စိဟာ ​မော်​နီတာရဲ့ အ​ပေါ်ဆုံး​နေရာနဲ့ တစ်​တန်းတည်းဖြစ်​​နေရမယ်​။ ​မော်​နီတာရဲ့ အမြင့်​ကို ညှိလို့မရဘူး။ မြှင့်​လို့မရရင်​ အဖုံးမာတဲ့ စာအုပ်​ကို ​အောက်​မှာခံပြီးမြှင့်​လို့ရပါတယ်​။ ဒါမှမဟုတ်​ ထိုင်​ခုံကို နှိမ့်​ သို့မဟုတ်​ မြှင့်​နိုင်​တယ်​။အဓိက အချက်​က​တော့ ကွန်​ပျူတာကို သင်​က ငုံ့ကြည့်​တဲ့အ​နေအထားဖြစ်​ရမယ်​။ ​မော့ကြည့်​တဲ့အ​နေအထားမဖြစ်​ရပါဘူး။ မျက်​နှာပြင်​ရဲ့ အလယ်​စင်​တာဟာ သင့်​ရဲ့ မျက်​လုံးတစ်​တန်းတည်း​နေရာ​အောက်​ ၁၀ ဒီဂရီ သို့မဟုတ်​ ၂၀ ဒီဂရီအ​နေအထားမှာရှိ​နေရမယ်​။

#စာလုံးအရွယ်​အစားနဲ့ အ​ရောင်

ကွန်​ပျူတာမျက်​နှာပြင်ေ ပ်ါက စာလုံး​တွေဟာသင်​ပုံမှန်​ကြည့်​လို့မြင်​နိုင်​တဲ့ အ​သေးဆုံးစာလုံး အရွယ်​အစားထက်​ ၃ဆကြီးတဲ့ အ​နေအထားမှာရှိရမယ်​။ ကွန်​ပျူတာနဲ့ လက်​မ ၂၀၊ ၃၀ အကွာက​နေ ကြည့်​ဖို့ထပ်​ပြီး အကြံပြုပါရ​စေ။ အ​ရောင်​​တွေ​ပေါင်းစပ်​မှုနဲ့ ပတ်​သက်​လာရင်​ သင့်​မျက်​လုံးဟာ အဖြူ​ရောင်​​နောက်​ခံမှာ အမည်း​ရောင်​စာလုံး​တွေကိုကြည့်​ရတာ ပိုနှစ်​သက်​တယ်​။ အလင်းထဲက အ​မှောင်သ​ဘော ​ပေါင်းစပ်​ထားတဲ့ အ​ရောင်​ဖြစ်​တယ်​။ ဒါ​ကြောင့်​​နောက်​ခံ​အ​ရောင်​​တောက်​​တောက်​မှာ စာသားအ​ရောင်​ ခပ်​မှိန်​မှိန်​ကို ဖတ်​ရှုခြင်းကို​ ​ရှောင်​ရှားပါ။

#အ​ရောင်​​တောက်​ပမှု

မော်​နီတာရဲ့ အလင်း​ရောင်​ဟာသင့်​ရဲ့ လုပ်​ငန်းခွင်​မှာရှိတဲ့ အလင်း​ရောင်​နဲ့လိုက်​ဖက်​ဖို့လိုပါတယ်​။ ကွန်​ပျူတာရဲ့ အဖြူ​ရောင်​​နောက်​ခံဟာ အခန်းအတွက်​ အလင်း​ရောင်​ရရှိရာ အရင်းအမြစ်​တစ်​ခုဖြစ်​​နေခဲ့ရင်​ ​မော်​နီတာရဲ့ အလင်းဟာ သိပ်​​တောက်​ပ​နေပါတယ်​။ အကယ်​လို့ ​မော်​နီတာဟာ ခပ်​မွဲမွဲ မီးခိုး​ရောင်​ဖြစ်​​နေရင်​ အလင်းသိပ်မှိန်​​ကောင်းမှိန်​​နေပါလိမ့်​မယ်​၊ အလင်း​ရောင်​ ထိန်​ထိန်​ညီး​နေတဲ့ ရုံးခန်းမှာအလုပ်​လုပ်​ရင်​ ​မော်​နီတာကို ​တောက်​ပမှု ​လျော့ကျတဲ့ Glare Reduction Filter ကိုအသုံးပြုပါ။

#အ​ရောင်​အပူချိန်

မော်​နီတာရဲ့ အ​ရောင်​အပူချိန်​ကို အ​ကောင်းဆုံးအ​နေထားမှာထားဖို့အလွယ်​ကူဆုံးနည်းလမ်းက​တော့ F.lux ဆိုတဲ့App ကိုအသုံးပြုခြင်းပါပဲ။

နေ၀င်​ချိန်​၊ ​နေထွက်​ချိန်​​ပေါ်မူတည်​ပြီး သင့်​ရဲ့ သဘာဝအလင်း​ရောင်​နဲ့ အလိုက်​ဖက်​ဆုံးဖြစ်​မယ့်​ ​မော်​နီတာရဲ့ ​အ​ရောင်​ကို ချိန်​ညှိ​ပေးတဲ့ ​ဆော့ဖ်​၀ဲတစ်​ခုဖြစ်​ပါတယ်​။ဒီလိုမျိုး App ​တွေအသုံးပြုပြီး ​မော်​နီတာအ​ရောင်​ကို ပတ်​၀န်းကျင်​နဲ့ အလိုက်​ဖက်​ဆုံးအ​နေအထားမှာ ထားခြင်းအားဖြင့်​ တစ်​​နေကုန်​ ကွန်​ပျူတာကြည့်​​နေရသူအဖို့ မျက်​စိထိခိုက်​ခြင်းမှ သက်​သာပါလိမ့်​မယ်​။

တိုင်းဦးလျှံ

Education Digest

iRoot V.2.0.7.apk

မင်္ဂလာပါဗျား.....

ဒီတစ်​ခါ​တော့ Android Version မြင်​ ဖုန်း​အ​တော်​များကို root လုပ်​​ပေးနိုင်​မယ့်
iRoot V.2.0.7.apk ​လေးကို မျှ​ဝေ​ပေးလိုက်​ပါတယ်​.....

အောက်​ကနစ်​​​သက်​ရာ  လင့်​ခ်​က​နေ ​ဒေါင်းယူသွားနိုင်​ပါပြီးဗျား......

>>> Drive Link 

>>> Mediafire Link 

>>> Copy Link 

>>> Dropbox Link 

အဆင်​​ပြေပါ​စေဗျား..... :-) :-) :-)