Saturday, December 6, 2014

Samsung Firmware တင်နည်း

မင်္ဂလာပါ

Samsung ဖုန်းတွေ ကို  ( Odin>> ကနေ  Firmware တင်နည်း ကို မသိသေးတဲ့ ဘော်ဒါတွေ အတွက် ပြန်လည် မျှဝေပါတယ်.....အရင်ဆုံး မိမိ ဖုန်း  ( Model...ပြီးရင်.. ကိုတင်မည့်  ( version) အလိုက် သက်ဆိုင်ရာ ...နည်းပညာ ညီအစ်ကိုတွေ ဆိုဒ်ကနေ ဒေါင်းပါ

..1.ပြီးရင် မိမိဒေါင်းယူရရှိလာတဲ့ Official Firmware Zip file (or) Winrar ဖိုင်ကို Extract လုပ်ထားပါ။

2.ဖုန်းကိုပိတ်လိုက်ပါ။ ပြီးရင် Volume down+Home Button+Power Key သုံးခုကို တွဲနှိပ်ပြီး Download Mode ထဲကို ၀င်ပါ။ အောက်ကပုံအတိုင်း သင့်ရဲ့ဖုန်းမှာ Warning Message ပေါ်လာပါလိမ့်မယ်။

3.volume up ဖြင့်သွားပြီး Continue ကိုရွေးချယ်လိုက်လျှင် အောက်ကပုံ အတိုင်းပေါ်လာပါလိမ့်မယ်။

4. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)

5.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmware ဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။

6.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmware တင်လို့ ပြီးသွားပါပြီ။

7.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logo မှာရပ်နေရင် ဖုန်းရဲ့Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။

                                                    

   

8. ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Keyသုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ ပေါ်လာပြီဆိုရင် Volume ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Resetတကြိမ်ချပြီးပြီဆိုရင်တော့ ပြန်ပေါ်လာရင် Reboot system now ကိုရွေးချယ်ပြီး ဖုန်းကိုRestart ချလိုက်ပါ...ဖုန်းပြန် ပွင့်အလာစောင့်လိုက်ပါ...ပြန်တက်လာပြီဆိုရင်  ( Samsung Firmware ) ကို ( Odin3) 
ကနေ  တင်နည်း ပြီးဆုံးပါပြီ...။
                                                       

credit - Happy Eain Mat    

Dropbox V.2.4.6.8_Clone.apk

မင်္ဂလာပါ
Dropbox အသုံးပြုတဲ့ ​ဘော်​​ဘော်​များအတွက်
ကျ​နော်​တို့သာမန်​အသုံးပြုတဲ့ dropbox မှာ 2Gb သာ
သို​လှောင်​နိုင်​ပါတယ်​...အဲ... ပြန်​ပြီ​တော့ ဘာညာကွိကွရင်​​တော့
50Gb ရရှိမှာဖြစ်​ပါတယ်​ အဲသလိုလုပ်​ဖို့ အဆင်​​မ​ပြေသူများအတွက်
ဒီ dropbox clone ​လေးက​တော့ အသုံးဝင်​လိမ့်​မယ်​လို့ကျ​နော်
ထင်​မိပါတယ်​... error ကင်းကင်းနဲ့ အသုံးပြုနိုင်​ပါတယ်​ခင်​ဗျား....
အောက်​ကလင့်​ခ်​မှာ ​ဒေါင်းယူသွားနိုင်​ပါပြီးဗျား
အဆင်​​ပြေကြပါ​စေဗျား.......

Thursday, December 4, 2014

★The Hero Of Three Kingdoms.apk★

မင်္ဂလာပါ....

ဂိမ်းဝါသနာပါတဲ့ ​ဘော်​​ဘော်​များအတွက်​ 3D effect The Hero Of Three Kingdoms တရုတ်​စစ်​ဂိမ်း​လေးတင်​​ပေးလိုက်​ပါတယ်​ဗျား....

Filesize_154.97Mb

Android Version_2.2 & Up

လင့်​ခ်​ကို ဒါရိုက်​လင့်​ခ်​က​နေ ပြန်​ချ​ပေးထားပါတယ်​ခင်​ဗျား......

>>> The Hero Of Three Kingdoms.apk 

အဆင်​​ပြေပါ​စေဗျား.....

ကွန်​ပျူတာ​ကြောင့်​ အမြင်​အာရုံမထိခိုက်​ရ​အောင်........

အရင်​တုန်းက​တော့ ကွန်​ပျူတာဖြင့်​ အလုပ်​လုပ်​ရတဲ့ စာစီစာရိုက်​၊ Graphic Designer ၊Programmer စသည်​တို့သာ တစ်​​နေကုန်​ ကွန်​ပျူတာကြည့်​ရ​လေ့ရှိပါတယ်​။ ယ​နေ့ အိုင်​တီ​ခေတ်​မှာ​တော့ ကွန်​ပျူတာဟာ လုပ်​ငန်း​ဆောင်​တာများကို လွယ်​ကူမြန်​ဆန်​စွာ ပြီး​မြောက်​​စေတာမို့ လုပ်​ငန်းခွင်​တိုင်းမှာလိုလို အသုံးပြုလာကြပါတယ်​။ ၀န်​ထမ်းကိုယ်​စီ ကွန်​ပျူတာတစ်​လုံးစီဖြင့်​ ဖြစ်​လာပြီး အလုပ်​ရှိလည်း လုပ်​၊ အလုပ်​မရှိလည်း အင်​တာနက်​မှာ ဟိုကြည့်​ဒီကြည့်​နဲ့ တစ်​​နေ့တာလုံး ကွန်​ပျူတာကို ကြည့်​ရှုတဲ့အဖြစ်​ကို ​ရောက်​​နေကြပါတယ်​။ ငယ်​ရွယ်​စဉ်​အခါတုန်းက​တော့ ဘယ်​​လောက်​ပဲ မျက်​စိကို အာရုံစိုက်​ပြီးကြည့်​ခိုင်းပါ​စေ ခံစားရတဲ့​ဝေဒနာ​တွေဟာ မသိမသာ​ပေမယ့်​ အသက်​ကြီးလာတာနဲ့အမျှ ကွန်​ပျူတာကို ကြည့်​​လေ​လေ၊ မျက်​စိ​ညောင်း၊ မျက်​မှန်​ပါဝါ​တွေကတက်​၊ ဇက်​​ကြောတက်​ခြင်း၊ ​ညောင်းညာကိုက်​ခဲတဲ့ ​ဝေဒနာကိုခံစားရပါ​တော့တယ်​။ အိုင်​တီ​ခေတ်​မှာ ကွန်​ပျူတာနဲ့မကင်းနိုင်​တဲ့လူသား​တွေအဖို့ ကွန်​ပျူတာ​ကြောင့်​ အမြင်​အာရုံထိခိုက်​နိုင်​တယ်​ဆိုတာကို သိထားရပါမယ်​။ ဒါ့အပြင်​ အမြင်​အာရုံမထိခိုက်​​အောင်​ ဘယ်​လိုကြိုတင်​ကာကွယ်​သင့့်သလဲဆိုတာကိုသိရှိထားပြီး ပြုလုပ်​ကြည့်​ဖို့ ​အောက်​ပါအချက်​များကို​ဖော်​ပြလိုက်​ရပါတယ်​။

တစ်​​နေကုန်​ ကွန်​ပျူတာကို စူးစိုက်​ကြည့်​နေရတာဟာ သင့်​ရဲ့ မျက်​လုံး​တွေအတွက်​ ဆိုးဝါးလှပါတယ်​။ဘေးပတ်​၀န်းကျင်​က အလင်း​ရောင်​နဲ့ အဲဒီအ​ရောင်​​တောက်​​တောက်​ကွန်​ပျူတာ မျက်​နှာပြင်​ဟာ မျက်​စိကို ​ညောင်းညာ​စေပြီး ကျိန်းစပ်​​စေပါတယ်​။

၂၀-၂၀-၂၀ စည်းမျဉ်းကိုလိုက်​နာပြီး ခဏခဏမျက်​​တောင်​ခတ်​​ပေးခြင်းက သင်​အရင်​ဆုံးပြုလုပ်​ရမယ့်​အရာဖြစ်​ပါတယ်​။ ၂၀-၂၀-၂၀ စည်းမျဉ်းဆိုတာက​တော့ ကွန်​ပျူတာကို မိနစ်​ ၂၀ ကြာကြည့်​ပြီးတိုင်း သင့်​ရဲ့ ၂၀ ​ပေ အကွာအ​ဝေးက ​နေရာတစ်​​နေရာကို စက္ကန့်​ ၂၀ ကြာကြည့်​​ပေးခြင်းဖြစ်​ပါတယ်​။ ဒါ့အပြင်​ ​မော်နီတာနဲ့ ကွန်​ပျူတာ Setting ကို အ​ပြောင်းအလဲအချို့ ပြုလုပ်​​ပေးနိုင်​တယ်​။

#ကွန်​ပျူတာ​မော်​နီတာအ​နေအထား

ကွန်​ပျူတာရဲ့ မျက်​နှာပြင်​ဟာသင်​နဲ့ လက်​မ ၂၀၊ ၃၀ အကွာမှာ ရှိသင့်​တယ်​။ သင့်​မျက်​စိဟာ ​မော်​နီတာရဲ့ အ​ပေါ်ဆုံး​နေရာနဲ့ တစ်​တန်းတည်းဖြစ်​​နေရမယ်​။ ​မော်​နီတာရဲ့ အမြင့်​ကို ညှိလို့မရဘူး။ မြှင့်​လို့မရရင်​ အဖုံးမာတဲ့ စာအုပ်​ကို ​အောက်​မှာခံပြီးမြှင့်​လို့ရပါတယ်​။ ဒါမှမဟုတ်​ ထိုင်​ခုံကို နှိမ့်​ သို့မဟုတ်​ မြှင့်​နိုင်​တယ်​။အဓိက အချက်​က​တော့ ကွန်​ပျူတာကို သင်​က ငုံ့ကြည့်​တဲ့အ​နေအထားဖြစ်​ရမယ်​။ ​မော့ကြည့်​တဲ့အ​နေအထားမဖြစ်​ရပါဘူး။ မျက်​နှာပြင်​ရဲ့ အလယ်​စင်​တာဟာ သင့်​ရဲ့ မျက်​လုံးတစ်​တန်းတည်း​နေရာ​အောက်​ ၁၀ ဒီဂရီ သို့မဟုတ်​ ၂၀ ဒီဂရီအ​နေအထားမှာရှိ​နေရမယ်​။

#စာလုံးအရွယ်​အစားနဲ့ အ​ရောင်

ကွန်​ပျူတာမျက်​နှာပြင်ေ ပ်ါက စာလုံး​တွေဟာသင်​ပုံမှန်​ကြည့်​လို့မြင်​နိုင်​တဲ့ အ​သေးဆုံးစာလုံး အရွယ်​အစားထက်​ ၃ဆကြီးတဲ့ အ​နေအထားမှာရှိရမယ်​။ ကွန်​ပျူတာနဲ့ လက်​မ ၂၀၊ ၃၀ အကွာက​နေ ကြည့်​ဖို့ထပ်​ပြီး အကြံပြုပါရ​စေ။ အ​ရောင်​​တွေ​ပေါင်းစပ်​မှုနဲ့ ပတ်​သက်​လာရင်​ သင့်​မျက်​လုံးဟာ အဖြူ​ရောင်​​နောက်​ခံမှာ အမည်း​ရောင်​စာလုံး​တွေကိုကြည့်​ရတာ ပိုနှစ်​သက်​တယ်​။ အလင်းထဲက အ​မှောင်သ​ဘော ​ပေါင်းစပ်​ထားတဲ့ အ​ရောင်​ဖြစ်​တယ်​။ ဒါ​ကြောင့်​​နောက်​ခံ​အ​ရောင်​​တောက်​​တောက်​မှာ စာသားအ​ရောင်​ ခပ်​မှိန်​မှိန်​ကို ဖတ်​ရှုခြင်းကို​ ​ရှောင်​ရှားပါ။

#အ​ရောင်​​တောက်​ပမှု

မော်​နီတာရဲ့ အလင်း​ရောင်​ဟာသင့်​ရဲ့ လုပ်​ငန်းခွင်​မှာရှိတဲ့ အလင်း​ရောင်​နဲ့လိုက်​ဖက်​ဖို့လိုပါတယ်​။ ကွန်​ပျူတာရဲ့ အဖြူ​ရောင်​​နောက်​ခံဟာ အခန်းအတွက်​ အလင်း​ရောင်​ရရှိရာ အရင်းအမြစ်​တစ်​ခုဖြစ်​​နေခဲ့ရင်​ ​မော်​နီတာရဲ့ အလင်းဟာ သိပ်​​တောက်​ပ​နေပါတယ်​။ အကယ်​လို့ ​မော်​နီတာဟာ ခပ်​မွဲမွဲ မီးခိုး​ရောင်​ဖြစ်​​နေရင်​ အလင်းသိပ်မှိန်​​ကောင်းမှိန်​​နေပါလိမ့်​မယ်​၊ အလင်း​ရောင်​ ထိန်​ထိန်​ညီး​နေတဲ့ ရုံးခန်းမှာအလုပ်​လုပ်​ရင်​ ​မော်​နီတာကို ​တောက်​ပမှု ​လျော့ကျတဲ့ Glare Reduction Filter ကိုအသုံးပြုပါ။

#အ​ရောင်​အပူချိန်

မော်​နီတာရဲ့ အ​ရောင်​အပူချိန်​ကို အ​ကောင်းဆုံးအ​နေထားမှာထားဖို့အလွယ်​ကူဆုံးနည်းလမ်းက​တော့ F.lux ဆိုတဲ့App ကိုအသုံးပြုခြင်းပါပဲ။

နေ၀င်​ချိန်​၊ ​နေထွက်​ချိန်​​ပေါ်မူတည်​ပြီး သင့်​ရဲ့ သဘာဝအလင်း​ရောင်​နဲ့ အလိုက်​ဖက်​ဆုံးဖြစ်​မယ့်​ ​မော်​နီတာရဲ့ ​အ​ရောင်​ကို ချိန်​ညှိ​ပေးတဲ့ ​ဆော့ဖ်​၀ဲတစ်​ခုဖြစ်​ပါတယ်​။ဒီလိုမျိုး App ​တွေအသုံးပြုပြီး ​မော်​နီတာအ​ရောင်​ကို ပတ်​၀န်းကျင်​နဲ့ အလိုက်​ဖက်​ဆုံးအ​နေအထားမှာ ထားခြင်းအားဖြင့်​ တစ်​​နေကုန်​ ကွန်​ပျူတာကြည့်​​နေရသူအဖို့ မျက်​စိထိခိုက်​ခြင်းမှ သက်​သာပါလိမ့်​မယ်​။

တိုင်းဦးလျှံ

Education Digest

iRoot V.2.0.7.apk

မင်္ဂလာပါဗျား.....

ဒီတစ်​ခါ​တော့ Android Version မြင်​ ဖုန်း​အ​တော်​များကို root လုပ်​​ပေးနိုင်​မယ့်
iRoot V.2.0.7.apk ​လေးကို မျှ​ဝေ​ပေးလိုက်​ပါတယ်​.....

အောက်​ကနစ်​​​သက်​ရာ  လင့်​ခ်​က​နေ ​ဒေါင်းယူသွားနိုင်​ပါပြီးဗျား......

>>> Drive Link 

>>> Mediafire Link 

>>> Copy Link 

>>> Dropbox Link 

အဆင်​​ပြေပါ​စေဗျား..... :-) :-) :-)

Wednesday, December 3, 2014

မိဖုန်းမှာ virus ရှိမရှိ သိရှိ နိုင် မည့် နည်းလမ်းများ နှင့်  အကြံပြု ချက်...


phone သို့ မဟုတ် tablet တွေမှာ virus ကိုက် နေ ပြီ လား ........? အရမ်း ကို ခက် တဲ့ ပြသနာ မဟုတ် တဲ့ အတွက် မိမိ ကိုယ် တိုင် ..အလွယ် တစ်ကူ virus တကယ် ရှိ မရှိ ကို အောက်ပါ အချက် အလက် တွေ ကို လေ့ လာ ပြီး ဖြေ ရှင်း လို့  ရပါ တယ်။

virus ရှိတဲ့  လက္ခာဏာ များ
======================

Slow function ။ မိမိ ဖုန်း ရဲ့  လုပ် ဆောင် မှူ့ တွေ တဖြည်း ဖြည်း နှေးကွေး လေးလံလာတဲ့ အခါ menu ကနေ မိမိ တို့ ဖွင့် လို တဲ့  app တွေ ကို 2 -5 second လောက် အထိ စောင့် ဆိုင်း နေရ တတ်ပါတယ်။ တစ်ခါ တစ်ရံ မှာ နှစ်ချက် လောက် နိုပ်ပြီး ဖွင့် ရ ခြင်းမျို လည်း ဖြစ်တတ်ပါတယ်။ဒါဆိုရင် virus စတင် ဝင်ရောက် နေ ပြီ လို့ ယူဆလို့ ရပါတယ်။
frequent freezing ။မိမိဖုန်းကို အသုံးပြု နေ စဉ် ရုတ်တရက် hang ပြီး တစ်ခါတစ်လေမှာ restart ပြန်ချပေးရခြင်း။restart ချ ပေး တာ တောင် power ပိတ်မရ တဲ့ အတွက် battery ထုတ်ပြစ်ရခြင်း။
switching of Automatically ။ တစ်နေ့ မှာ ( ၃-၄ ကြိမ် )မိမိ ဖုန်းဟာ အလိုအလျောက် ဖုန်းပိတ် ပိတ် သွားခြင်း။
Restarting ။ တစ်ခါ တစ်ရံ မှာ မိမိ ဖုန်းဟာ ပိတ် ရမဲ့ အစား အလိုအလျောက် restart ကျသွားခြင်း
no booting properties ။ တစ်ခါတစ်ရံ virus ဝင်ရောက်မှူ့ ကြောင့်  boot တက် မလာ တော့ ပဲ blank screen နှင့်  ဖုန်းအသုံးပြု ဖို့ အဆင်မပြေခြင်း။
failure of some application ။တစ်ချို့ သော application များကောင်းစွာ အလုပ် မလုပ် တော့ ခြင်း။

အထက်ပါ ဖော်ပြ ချက် တွေ နဲ့  ကိုက်ညီမှူ့ ရှိ နေပြီဆိုရင်တော့ သင့် အနေ နဲ့  မိမိ ဖုန်းမှ virus ကို ကိုယ် တိုင် ကိုယ် ကျ ရှင်းလင်းသုတ်သင် ဖို့ လို အပ် လာပါပြီ။

သင့် ဖုန်းက virus ကို သုတ်သင် ဖို့ အတွက် အကြံပြုချက်
======================================

virus ကို MMC Card ထဲအထိ အမှန်တကယ်သတ်ပေးနိုင်တဲ့  apk တစ်ခုခု ကို insall လုပ်ပြီးအသုံးပြု ကြည့် ပါ။
မိမိတို့ ဖုန်းကို virus သတ်လို့ အဆင်မပြေ နိုင်တော့ ဘူး ဆို ရင် menu >setting ကနေ reset ချ ပြီး orginial ဖြစ်အောင် ကြိုးစားကြည့် ပါ။
တကယ်လို့  rest ပြန် လုပ် ဖို့ အခက် အခဲ ရှိနေ သေးတယ်ဆို ရင် (*2767*3855# ) ကိုရိုက်ပြီးphone memory (internal memory ) ကို formart ချပြီးအသုံးပြု နိုင်ပါတယ်။

အထက်ပါအချက် တွေနဲ့ ဖြေ ရှင်းလို့ အဆင်မပြေ တော့ ဘူးဆို ရင် ဖုန်းကို flashing လုပ်ပြီး အကောင်းပကတိ လုပ်ဆောင် နိုင် တယ်ဆို တဲ့ အကြောင်း အကြံပြု တင်ပြပါရစေ။


Credit စိုင်းသူ