Saturday, November 1, 2014

Samsung မှ Galaxy A5 နဲ့ Galaxy A3 စမတ်ဖုန်းများကို မိတ်ဆက်

စမတ်ဖုန်း ထုတ်လုပ်တဲ့ Company ကြီးတစ်ခုဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Smart Phone အသစ် ဖြစ်တဲ့ Galaxy A5 နဲ့ Galaxy A3 ကို

မိတ်ဆက်လိုက်ပါတယ် ။ Samsung ဟာ အဆိုပါ စမတ်ဖုန်း Model ၂မျိုးကို

metal body နဲ့ ထုတ်လုပ်မှာဖြစ်ပြီး

ရွေးချယ် စရာ အရောင် အသွေး မြောက်များစွာ ထုတ်လုပ်ပေးမှာဖြစ်ပါတယ် ။ Galaxy A5 ကိုတော့ Pearl White, Midnight Black, Soft Pink,

Light Blue, Platinum Silver, နဲ့ Champagne Gold ဆိုပြီး အရောင် ၆ မျိုးဝယ်ယူနိုင်မှာဖြစ်ပါတယ် ။

ဒါပေမယ့် Galaxy A3 ကိုတော့

Pearl White, Soft Pink နဲ့ Light Blue ၃ မျိုးသာရရှိမယ်လို့ပြောကြားထားပါတယ် ။

Samsung Gaslaxy A5 နဲ့ A3 မှာတော့ အနည်းငယ်ကွာခြား

တဲ့ Specification ကိုသာ အသုံးပြုထားပါတယ် ။ A5 မှာတော့ ၅ လက်မ qHD Super AMOLED display တပ်ဆင်ပေးထားပြီး A3 ကိုတော့

၎.၅ လက်မ qHD Super AMOLED display သာပါရှိမှာပါ ။

ဒါပေမယ့် စမတ်ဖုန်း ၂ မျိုးလုံးကိုတော့ Clock speed 1.2 GHz ထုတ်လုပ်ပေးနိုင်မယ့်

Snapdragon 410 quad-core processor ကိုသာ တူညီစွာ တပ်ဆင်ပေးထားပါတယ် ။

Galazy A5 မှတော့ 2GB RAM ကိုတပ်ဆင်ပေးထားပြီး

A3 မှာတော့ 1GBသာပါရှိမှာပါ ။ A5 အတွက် ကျောဖက် ကင်မရာကို 13MP တပ်ဆင်ပေးထားပြီ A3 မှာတော့ 8MP သာထည့်သွင်းပေးထားပါတယ် ။

ရှေ့ဖက်ကိုတော့ 5MP တူညီစွာပါဝင်မှာပါ ။

အဆိုပါ ဖုန်း ၂မျိုးလုံးရဲ့ ဒီဇိုင်းဟာ Galaxy Alpha နဲ့ တူညီပြီး အနည်းငယ် သာကွာခြားသွားပါတယ်။

အခုထွက်ရှိမယ့် Galaxy A5 နဲ့ A3 ကိုတော့ Samsung က လူငယ်တွေအတွက် ရည် ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး Selfie အတွက် ကော

စမတ်ကျတဲ့ ဖုန်းတွေအဖြစ် ထွက်ရှိလာအုံးမှာ ဖြစ်ပါတယ် ……………….

refer: talkandroid

 http://www.myanmarmobileapp.com/ 

The Best Mobile Knowledge Sharing Website In Myanmar !

0 comments:

Post a Comment