Saturday, December 27, 2014

Whatsapp မှာလည်း Voice Call ပါဝင်လာတော့မည်

မင်္ဂလာပါဗျား....
လူသုံးများတဲ့ Messagging app တစ်ခုဖြစ်တဲ့ Whatsapp မှာလည်း Voice Call feature ပါဝင်လာတော့မယ်လို့သိရပါတယ်။ မကြာခင်ထွက်ရှိလာတော့မယ့် Version Update အသစ်မှာစတင်ပါဝင်လာမယ်လို့ယူဆရပါတယ်။ မကြာသေးခင်ကပဲ Whatsapp ဆော့ဝဲဗားရှင်းအသစ်ရဲ့ Screenshot တစ်ချို့ဟာလည်း Online ပေါ်မှာထွက်ရှိလာခဲ့ပါတယ်။
ယခုထွက်ရှိလာတဲ့ Screenshot ပုံများအရ Call Log screen နဲ့ Ongoing Call အနေအထား ၊ ဖုန်းပြောနေစဉ် Screen အနေအထားပုံများကိုတွေ့မြင်ရပါတယ်။ ဒါပေမယ့် ယခုပုံများမှ app ဟာ Beta version သာဖြစ်နိုင်ပါသေးတယ်။
၂၀၁၅ နှစ်လယ်လောက်ကနေစပြီး Voice Call feature ကို Whatsapp မှာစတင်အသုံးပြုနိုင်မယ်လို့သိရပါတယ်။ ယခုအချိန်မှာတော့ Whatsapp ဟာ တခြား နာမည်ကြီး Messaging app တွေဖြစ်တဲ့ Line, Viber , WeChat တို့နဲ့ယှဉ်ပြိုင်ရပြီး ယင်း app များဟာ Voice Call feature ပါဝင်ခဲ့တာကြာနေပါပြီ။ Whatsapp ဟာ လက်ရှိအနေအထားမှာတော့ အသုံးပြုသူသန်း ၆၀၀ ခန့်ရှိတာကြောင့် အသုံးပြုသူအများဆုံး Messaging app တစ်ခုအနေနှင့် ရပ်တည်နေဆဲဖြစ်ပါတယ်။

Posted by Yè Naung Tun

0 comments:

Post a Comment