မင်္ဂလာပါ......
ဒီနေ့တော့ မိမိကိုယ်ပိုင် ဘလော့ဆိုဒ်လေးထောင်ချင်ကြတဲ့ သူငယ်ချင်းတို့အတွက်
ဘလော့လုပ်နည်းလေး တင်ပေးလိုက်ပါတယ်....။
ကျနော်လည်းလေ့လာနေဆဲမို့ အမှားအယွင်းနဲ့ လိုအပ်ချက်လေးတွေရှိခဲ့ရင်
နားလည်ပေးပါလို့ မေတ္တာရပ်ခံပါတယ်.....။
လေပေးနေတာနဲ့ လိုရင်းကိုမရောက်ဘဲ ဖြစ်နေဦးမယ်..... :-P
ကျနော်ပြောပြမှာက ဖုန်းနဲ့ဘလော့လုပ်မဲ့နည်းလေးဖြစ်တဲ့အတွက် လိုအပ်တဲ့
ဆော့ဝဲလ်များကို အောက်မှာအရင်ဒေါင်းယူလိုက်ပါ....။
Blogger.apk
ကွန်ပျူတာသမားများကတော့ www.blogger.com ကနေဝင်ရောက်နိုင်ပါတယ်...။
ကျနော်ပေးထားတဲ့ apk တွေကို ဒေါင်းပြီး ဖုန်းထဲကို install ပြုလုပ်ပါ...။ပြီးလျှင်
Blogger ဆော့ဝဲလ် ထဲဝင်လိုက်ပါ....။
အောက်ကပုံထဲကအတိုင်းမြင်တွေ့ရပါမယ်....။
မိမိပြုဘလော့လုပ်မယ့် Gmail account တခုကို ရွေးပေးလိုက်ပါ....။
Sign up for blogger ဆိုတာကို နှိပ်ပေးပါ....။
မိမိရွေးချယ်ထားတဲ့ account အလုပ်လုပ်နေပါပြီး...
ပြီးလျှင်အောက်ကပုံလေးအတိုင်းပေါ်လာပါမယ်....Gmail ရဲ့ Password ထည့်ပြီး
Sign in နှိပ်ပါ...။
အောက်ကပုံအတိုင်း ကျလာလျှင် Continue to Blogger ကိုနှိပ်ပါ...။
အောက်ကပုံအတိုင်း ဘလော့လုပ်ဖို့ စာမျက်နှာလေးကျလာပါမယ်...။
New Blog ကိုနှိပ်ပါ...။
အောက်ကပုံအတိုင်း စာမျက်နှာလေးကျလာပါမယ်.....။
ပုံထဲကတော့ ကျနော်ဘလော့ဆိုဒ်ဖြည့်ထားတဲ့ပုံပါ......။
Title
''သထုံသားလေး-နည်းပညာမှတ်စု'' နေရာမှာ မိမိ ပေးချင်တဲ့ မိမိဘလော့ဆိုဒ်ရဲ့
အမည်လေးပေးပါ...။
Address
"thatontharlaynote.blogspot.com" နေရာမှာလည်း မိမိပေးချင်တဲ့
မိမိဘလော့ဆိုဒ်ရဲ့ လိပ်စာလေးရေးထည့်ပါ...။
Templet ကတော့ မိမိနှစ်သက်ရာကိုရွေးချယ်ပါ....။
အားလုံးပြီးသွားရင်တော့ Create Blog ကိုနှိပ်လိုက်ပါ.....။
ကျနော်တိုလာခဲ့တဲ့ New Blog ဘေးမှာ မိတ်ဆွေပြုလုပ်ခဲ့တဲ့ Blog အမည်လေး
ပေါ်လာပါပြီး...။ကျနော်တို့ ဘလော့ဆိုဒ်တခု ပြုလုပ်ပြီးခဲ့ပါပြီး.... :-D
အဆင်ပြေပါစေဗျား......။
0 comments:
Post a Comment